သံတောင်ကြီး နိုဝင်ဘာ ၁၄
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀)နာရီအချိန်က Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနော်လော်မူက Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး နော်ခိုင်ခင်ထက် (Book Club)အဖွဲ့ဝင်က ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ (၅) ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် ကျောင်းသားများက ယူနီဗာစီတီအက်ဥပဒေကို စတင်သပိတ်မှောက်ရန်မှ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှု စိတ်ဓာတ်များ ပေါ်ပေါက်လာခဲ့သည့် အကြောင်းအရာများ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ရေးရယူနိုင်ခဲ့သည့် အကြောင်းအရာများ၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အမျိုးသားရေး စိတ်ဓာတ်ကိန်းအောင်းခဲ့ရာမှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို နှစ်စဉ်တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ