သာပေါင်းမြို့နယ်မှ MSMEs ထုတ်ကုန်ပစ္စည်းတစ်မျိုး ရွေးချယ်ပြသနိုင်ရေး စီမံဆောင်ရွက်

သာပေါင်း နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် MSMEs ထုတ်ကုန်ပစ္စည်းတစ်မျိုး ရွေးချယ်ပြသနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်တို့နှင့် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ တွေ့ဆုံစီမံဆောင်ရွက်ခဲ့သည်။

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ MSMEs ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်း(၁)မျိုး​ ရွေးချယ်ပြသနိုင်ရေး အတွက် စည်ပင်သာယာ‌ရေး၊ စီမံကိန်း၊ စိုက်ပျိုးရေး၊ သစ်တော၊ စားသုံးသူရေးရာဌာန တာဝန်ရှိသူများနှင့် ဆန်ထွက်ပစ္စည်း၊ သစ်တောထွက် ဝါးထွက်ပစ္စည်း၊ “ရွှေချိန်ခွင်” ဖိနပ်လုပ်ငန်း၊ မု့န်လုပ်ငန်း (ဘုရင်မ)တို့နှင့် တွေ့ဆုံဆွေးနွေးပြီး ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေး ကြိုတင်စီမံဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)