အုတ်တွင်းမြို့နယ်၌ ကန်ကလေးတောရ ရွှေကျင်ကျောင်းစာသင်တိုက် ဖွင့်လှစ်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲအား ကျင်းပသွားမည်ဖြစ်

အုတ်တွင်း    နိုဝင်ဘာ   ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကန်ကလေးတောရရွှေကျင်ကျောင်းစာသင်တိုက် ဖွင့်လှစ်ခြင်းနှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ပူဇော်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာသင်တိုက်၏ စာသင်တိုက် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပူဇော်ပွဲကို စတုတ္ထပဓာနနာယဆရာတော် ဘဒ္ဒန္တခေမာစာစာရ၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တယသ ဆရာတော်များက ဦးဆောင်၍ စာသင်တိုက်ဖွင့်လှစ်ခြင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ပူဇော်ပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ရက်မှ ၃၀ရက်နေ့ထိ နှစ်ရက်တာကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီများနှင့် ဒါယိကာ၊ ဒါယိကာမများ ပူးပေါင်း၍ စာသင်တိုက်ဖွင့်လှစ်ခြင်း၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)