လှိုင်းဘွဲ နိုဝင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က နေ့ထူးနေ့မြတ်ဖြစ်သော အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်စေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားပညာရေးအကြောင်း၊ အတုယူရမည့် အမျိုးသားရေးစိတ်ဓါတ်များကို အသိပညာပေး ဟောပြောခဲ့ပြီး (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)