လောင်းလုံး နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်း၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင် က (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စည်ကားစွာပြုလုပ် မည်ဖြစ်ပါ၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပညာရေးဌာနများက ဝိုင်းဝန်းပူးပေါင်း -ဆောင်ရွက်ကြစေ လိုကြောင်း၊ ပြိုင်ပွဲများကို ပညာရေးဌာနများက ကြီးမှူးကျင်းပပေးစေလိုကြောင်း၊ ပြိုင်ပွဲ အသီးသီးမှ ဆုရရှိသူများကို အခမ်းအနားနေ့တွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ သက်ဆိုင်ရာဌာနများနှင့် ကျောင်းဆရာ/ ဆရာမများက အသီးသီးတင်ပြ ဆွေးနွေးကာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း (လောင်းလုံး)