ရေဖြူ နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သက်ကယ်ကွက်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီ၌ ဒေသထွက် ငပိ၊ ငံပြာရည်၊ ငါးခြောက် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်းကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိဝင်ငွေတိုးစေရန်၊ အသုံးစရိတ်ချွေတာတတ်စေရန်၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်၍ လက်တွေ့ဘဝမှာ ပြန်လည်းအသုံးချတတ်စေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း နည်းပြဆရာမ ဒေါ်ရီရီလွင်က ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ဒေသထွက် ငပိ၊ ငံပြာရည်၊ ငါးခြောက်များကိုအသုံးပြုကာ စီးပွားဖြစ်ဈေးကွက်တင်ရောင်းချနိုင်ရန် ချက်ကြော်လှော်ပြုလုပ်နည်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၅)ဦးတက်ရောက်ခဲ့ကာ သင်တန်းကာလ(၅)ရက်ဖြစ်ကြောင်း သိရသည်။
ခတ္တာ