ကျွန်းလှ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ၊ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်အထိ ကျောင်းပြင်ပလူငယ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်ကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး အသိပညာပေးဆောင်ရွက်ခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေ လှူဒါန်းကြာင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ