ရေဖြူ နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းက ကြီးမှူး၍ ထိခိုက်ဒဏ်ရာ ရှေ့ဦးပြုစုခြင်း သင်တန်း အမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉နာရီက ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သင်တန်းဆင်း အမှာစကား ပြောကြားကာ လူမှုဂရုဏာလုပ်ငန်း သင်တန်းဖြစ်သည့် ရှေ့ဦးပြုစုခြင်း သင်တန်းကို စိတ်ပါဝင်စားစွာ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်သည့်အတွက် ကျေးဇူးတင်ကြောင်း၊ လက်တွေ့ သရုပ်ပြမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဘဆောင်ရွက်ကြသည့်အတွက် အားရပါကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။
သင်တန်းကို သင်တန်းနည်းပြ (၅) ဦးဖြင့် ပို့ချခဲ့ပြီး သဲချောင်းကျေးရွာ၊ ဓမင်းဆိပ်ကျေးရွာ၊ တောင်ရင်းအင်းကျေးရွာ၊ ဖောင်းတောကျေးရွာ၊ ဇာဒီကျေးရွာများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၀) ဦးအား စာတွေ့လက်တွေ့ သရုပ်ပြမှုပါ (၃) ရက်ကြာ ပို့ချသွားပြီး သင်တန်း၌ ထူးချွန်သူများ ဂုဏ်ပြုချီးမြှင့်ကာ သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခတ္တာ