ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင် ခင်းကျင်းပြသခြင်းဆောင်ရွက်

ကလိန်အောင် နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၁) နာရီခွဲက ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်ဖြစ် အနာဂတ်မျိုးဆက်သစ် ကျောင်းသား‌၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန်၊ ကျောင်းသူ/သားများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှု လေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာအုပ် စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောပြခဲ့ သည်။

ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ရုန်တူစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်" မေမေ့စကားနားထောင်မယ်"ဆိုတဲ့ ရုပ်ပုံပြပုံပြင်‌လေးကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူ ကျောင်းသား/ သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင် သုတ/ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့ (ကလိန်အောင်)