ငါးသိုင်းချောင်းမြို့ (အ.ထ.က)ကျောင်း၌ ရှေးဉီးပြုစုခြင်း အခြေခံသင်တန်း(၆/၂၀၂၂)နှင့် (၇/၂၀၂၂) ဖွင့်လှစ်သင်ကြားပေး

ငါးသိုင်းချောင်း နိုဝင်ဘာ ၁၁

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ အ.ထ.ကကျောင်း၌ ရှေးဉီးပြုစုခြင်း အခြေခံသင်တန်း (၆/၂၀၂၂)နှင့် (၇/၂၀၂၂)တို့ကို ရေကြည်မြို့နယ်ကြက်ခြေနီအသင်းက ဉီးဆောင်မှုဖြင့် သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းကို ရေကြည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူးဒေါ်သန်းသန်းမြင့်၊ ဒု-တပ်ဖွဲ့မှူး ဉီးခင်မောင်သန်း၊ တပ်ခွဲမှူး ဉီးမင်းယုတို့က ရှေးဉီးပြုစုခြင်းသမိုင်းကြောင်းနှင့် အရေးပေါ်အသက်ကယ်နည်း၊ ပတ်တီးစည်းနည်းနှင့် အခြားရှေးဉီးပြုစုနည်းများကို အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇၄)ဉီးအား သင်ကြားပေးလျက်ရှိပြီး သင်တန်းကို (၉.၁၁.၂၀၂၂)မှ (၁၁.၁၁.၂၀၂၂)ထိ(၃)ရက်တိုင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)