လှိုင်းဘွဲမြို့နယ်တွင် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Tast Kit ဖြင့် စစ်ဆေး

လှိုင်းဘွဲ နိုဝင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ခရီးသွားပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ဝင် ဒိုင်းပြကျေးရွာ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး စုပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင် များနှင့် တာဝန်ရှိသူတို့က ခရီးသွားပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Test Kit စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)