ဝါးခယ်မ နိုဝင်ဘာ ၁၀
မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အူကျွန်း-ကံကွင်း လမ်းဖောက်လုပ်မှုအခြေအနေနှင့် ကံကွင်းကျေးရွာစာသင်ကျောင်း ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် အကျယ် ၁၂ ပေ၊ ထုထည် ၆ လက်မ၊ အရှည် ၁ မိုင် ၀.၀၈ ဖာလုံရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် ထက်နေခြည်ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ကြောင်း သိရသည်။
ဆက်လက်၍ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များသည် ဝဲကြီးကျေးရွာ လမ်းဖောက်ရာတွင် အငြင်းပွားမှုအား ညှိနှိုင်းဖြေရှင်းပေးခြင်း၊ အ.ထ.က ဝဲကြီးကျောင်းတွင် ပညာသင်ကြားနေသော စနစ်ဟောင်းကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားပြီး ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် မိုးမခသက္ကယ်ကျေးရွာ မီးလင်းရေးကိစ္စရပ်များအား ကွင်းဆင်းကြည်ရှုခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)