ဒိုက်ဦး နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီတွင် ဝါဆိုရပ်ကွက် အလက(ခွဲ)မြို့အရှေ့ကျောင်း၌ ကျင်းပသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များအား အသိပညာပေး ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဆရာ/ဆရာမ ၁၃ ဦးနှင့်ကျောင်းသား/ ကျောင်းသူ ၁၆၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)