လဟယ်၊ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂရိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လဟယ်မြို့နယ်၊ မြို့မရဲစခန်းမှ မြို့နယ် ရဲမှူးဦးဆောင်ပြီး အရာရှိ၊ စစ်သည်အင်အား (၂၅) ဦးက (Mask)များကို လူစည်ကားရာမြို့လမ်းဆုံ၌ ယနေ့နံနက် ၉ နာရီချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လဟယ်မြို့နယ်၊ မြို့မရဲစခန်းမှ အရာရှိစစ်သည်များက ယနေ့နံနက်တွင် (Mask) နှာခေါင်းစည်း (၁၅၀၀)၊ Hand Gel (၁၀)ဗူး၊ လက်အိတ်(၁၀၀)အိတ်အား ပြည်သူများအတွက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပါမင်းလှိုင် (ပြန်/ဆက်)