ကန့်ဘလူ နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကလေးမွေးဖွားရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အရပ်တိုင်းတာခြင်း၊ ကလေးမွေးဖွားရာတွင် လွယ်ကူစေရန် သန္ဓေသားအနေအထား မှန်ကန်စေရေး ဆောင်ရွက်ပေးခြင်း၊ HIV, AIDS, ကာလသားရောဂါ၊ ဆီးချို၊ ငှက်ဖျားရောဂါ ရှိ၊ မရှိ သွေးဖောက်စစ်ဆေးပေးခြင်းနှင့် အားဆေးများပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာ ၈ ရက်မှ ယနေ့အထိ ကိုယ်ဝန်ဆောင်မိခင် ၂၃၇ ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)