ဘိုကလေး နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ သဒ္ဓမ္မပါလဇောတိကာရုံကျောင်းတိုက်တွင် ကျောင်းတိုက်ဆရာတော် အမှူးပြု၍ လမ်းသူလမ်းသားများ၏ စုပေါင်းကုသိုလ်ပြုမှုဖြင့် လည်းကောင်း၊ အမှတ်(၈)ရပ်ကွက်၊ ရတနာ(၃)လမ်းနှင့် ကြံတိုင်းအောင်(၄)လမ်းကြားရှိ ဇမ္ဗူဒီပရတနာကျောင်းတိုက်တွင် ကျောင်းတိုက်ဆရာတော် အမှူးပြု၍ ရတနာ(၃)လမ်း လမ်းသူလမ်းသားများ၏ စုပေါင်း ကုသိုလ်ပြုမှုဖြင့်လည်းကောင်း အဆိုပါ ကျောင်းတိုက်များနှင့် ကျောင်းတိုက်တည်ရှိရာ လမ်းများ၌ တန်ဆောင်တိုင်ကုသိုလ်တော်အဖြစ် ယမန်နေ့ညနေ(၄)နာရီခန့်၌ နိဗ္ဗာန်ဈေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး စတုဒီသာများ ကျွေးမွေးလှူဒါန်းခဲ့သည်။
အဆိုပါ နိဗ္ဗာန်ဈေး ကျင်းပရာသို့ ရပ်ကွက်အသီးသီး၊ လမ်းအသီးသီးမှ လာရောက်၍ ကုသိုလ်ပြု ကျွေးမွေးလှူဒါန်းမှုများအား စည်ကားသိုက်မြိုက်စွာဖြင့် တပျော်တပါး စားသောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး နိဗ္ဗာန်ဈေးများသို့ ပျော်ပါးစွာဖြင့် ပါဝင်ဆင်နွှဲ ခဲ့ကြသူများကိုလည်း ကုသိုလ်ပြုကြသူများမှ ကဲစမ်းမဲများဖောက်၍ ဆုလက်ဆောင် များလည်း ကုသိုလ်ပြုပေးအပ်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)