လောင်းလုံးမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပ

လောင်းလုံး  နိုဝင်ဘာ  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community centre တွင်  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး Talk show ဆွေးနွေးပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ နှစ်စဉ် အခမ်းအနား ကျင်းပရခြင်း၏ သမိုင်းကြောင်းမှာ မြန်မာပြည်သူအများ တက္ကသိုလ်ပညာသင်ကြားနိုင်ရေး ကန့်သတ်ပိတ်ပင်သည့် ယူနီဗာစီတီအက် ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ချိန် ၁၉၂၀ ခုနှစ်၊ ဒီဇင် ဘာလ ၅ ရက်နေ့တွင် တက်ကသိုလ်ကျောင်းသား/သူ များက ကျောင်းအိပ် ကျောင်းစား စနစ် ဥပဒေကို ရန်ကုန် ကောလိပ်နှင့် ယုဒဿန်ကောလိပ် ကျောင်းသားများက ယူနီဗာစီတီအက်ဥပဒေကို စတင် သပိတ်မှောက်ခဲ့ကြပါသည်။ မတရားသည့် ယူနီဗာစီတီအက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ရာမှ ကျောင်းသားသပိတ်သည် နိုင်ငံတစ်နိုင်ငံလုံး ပျံ့နှံ့ရိုက်ခတ်သွားခဲ့သည် စသော အကြောင်းအရာများကို ဆွေးနွေးပေးခဲ့ပြီး ရုပ်သံကျွမ်းကျင်( ၃) ဒေါ်ကေဇင်ဦးက ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်  သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသား (၁၁)ဦး အကြောင်း၊ အမျိုးသားပညာရေး အကြောင်းစသော အကြောင်းအရာများ အသီးသီးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)