ဆင်ပေါင်ဝဲမြို့နယ်တွင် အခြေခံစားကုန် (ဆန်)များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိအခြေခံလူတန်းစားများ စားဝတ်နေရေး အထောက်အကူဖြစ်စေရန် အခြေခံ စား ကုန်ဖြစ်သော ဆန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ဘုရားငါးဆူ‌စေတီတော် တန်ဆောင်းရှေ့တွင် ယနေ့နံနက် ၇ နာရီအချိန်က ရောင်းချပေးခဲ့သည်။

ထိုသို့‌ရောင်းချရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆင်ပေါင်ဝဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူကာ အခြေခံစားကုန်ဖြစ်သည့်(ဆန်)ကို ပြင်ပပေါက် ဈေးထက် သက်သာသောဈေးနှုန်းဖြစ်သည့် ဆန်တစ်ပြည် (၁၅၀၀)တစ်ထောင်ငါးရာကျပ်ဖြင့် ဆန်အိတ်အလုံး(၁၅၀)အား အိမ်ထောင်စုတစ်စု၌ လူတစ်ဉီးလျှင်တစ်ပြည်နှုန်းဖြင့် ဈေးနှုန်းသက် သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)