ရေဖြူ နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နေ့လည် ၂ နာရီ၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်၊ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးအောင်ကိုမင်းနှင့် ရေဖြူမြို့ (က) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲတင့်တို့က ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မီးလေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်း၊ မီးငြိမ်းသတ်နည်း (၄)နည်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ သဘာဝဘေးများ အကြောင်း၊ မီးသတ်ဆေးဘူး အသုံးပြုနည်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ရေဖြူမြို့ (က)ရပ်ကွက် နေပြည်သူများ (၄၀)ကျော် တက်ရောက်ကြကြောင်း သိရသည်။
ခတ္တာ