အိမ်မဲ နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာရှိ သိန်းတစ်ရာဆန်စက်တွင် စပါးခွံဓာတ်ငွေ့ဖြင့် ပေါင်းဆန်ထုတ်လုပ်မှုအခြေအနေအား ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ယနေ့ နံနက် (၁၁)နာရီအချိန်တွင် ကြည့်ရှုစစ်ဆေခဲ့ကြောင်း သိရသည်။
သိန်းတစ်ရာဆန်စက်တွင် စပါးခွံဓာတ်ငွေ့ဖြင့် ပေါင်းဆန်ထုတ်လုပ်မှု အခြေအနေများအား အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဆန်စက်မှ တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆန်စက်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)