ကရသူရိ နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၁ နာရီက (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြုလုပ်ပြသခဲ့သည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက အမျိုးသားအောင်ပွဲနေ့သည် မြန်မာတိုင်းရင်းသားတို့ စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ရေးကိုအရယူခဲ့သည့် အမျိုးသားရေးစိတ်ဓာတ်ကိုမွေးဖွားခဲ့သည့်နေ့တစ်နေ့ ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ နိုင်ငံချစ်/ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရေးနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် ကျောင်းသား/သူများပေါ်ထွန်းစေရေး ပညာပေးဟောပြောပြီး အမျိုးသားနေ့သမိုင်းအကြောင်းအရာမှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များနှင့် ဗီနိုင်များကိုပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစ်စားလေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)