ညောင်တုန်း နိုဝင်ဘာ ၉
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Community Center)ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
စာအုပ်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရစေရန်နှင့် စာဖတ်ရှိန်မြင့်မားတိုးတက်စေရန်၊ စာပေကို ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်း ရရှိစေရန် စသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များဖြင့် စာအုပ်ပြပွဲကိုကျင်းပရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။
ထက်ဝေဖြိုး(ပြန်/ဆက်)