ပေါက်မြို့နယ်တွင် မိုလ်ဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်

ပေါက် နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မိုလ်ဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားသည်။

အဆိုပါ သင်တန်းတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်မာမျိုးက ယခုသင်တန်းကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ ဆောင်ရွက်ချက်များ၊ ဒေသတွင်းရှိ ထင်ရှားသည့် နေရာဒေသများ၊ ဓလေ့ထုံးတမ်းများ၊ ထူးခြားဖြစ်စဉ်များကို အွန်လိုင်းမှတစ်ဆင့် ပြည်သူလူထုအား ချပြရာတွင် လွယ်ကူလျင်မြန်စေရန် ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မိုလ်ဘိုင်းဖုန်းဖြင့် ဆော့ဖ်ဝဲလ်အသုံးပြု၍ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်း စနစ် များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်သန်းဆင့်တို့က သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်ပြီး  အဆိုပါသင်တန်းသို့ ဌာနတွင်းဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အခြားစိတ်ပါဝင်စားသူများ စုစုပေါင်း ၁၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ၁၀ ရက်နေ့အထိ ၂ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရွှေယော(အညာမြေ)