ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲဆောင်ရွက်

ကလိန်အောင်  နိုဝင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင်(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို မွန်းလွဲ (၁) နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ၁၃၈၄ခုနှစ်၊ တန်ဆောင် မုန်းလပြည့်ကျော်(၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် ကဗျာရွက်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခြင်းဖြစ် အနာဂတ်တွင်ထွန်း တောက်ပလာမည့် ကျောင်းသူ/ကျောင်းသားများအနေဖြင့် ကျောင်းသင်ခန်းစာ ကဗျာများအပြင် ပြင်ပမှရေးသားသော သုတ၊ ရသ ကဗျာများကိုလည်းပိုမို စိတ်ဝင်စားမှုရှိလာမည် ဖြစ်ကြောင်းနှင့် စာကြည့်တိုက်နှင့်လည်းထိတွေ့ ရင်းနှီးမှုများရှိလာစေရန် ရည်ရွယ်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ် ပြိုင်နိုင်သူများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

လူမင်းအောင်(ကလိန်အောင်)