ရေဖြူ နိုဝင်ဘာ ၉
ရေဖြူဒေသ၌ ရာဘာပင်ပြီးလျှင် ဒုတိယနှစ်ရှည်ပင်သီးနှံအဖြစ် ကွမ်းသီးပင်ကို စိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းပြုကြကြောင်းသိရသည်။ ယခုနှစ်တွင် ကွမ်းသီးများအမှည့်စောပြီး မိုးရာသီမကုန်ခင်ကတည်းကပင် ကွမ်းသီးမှည့်များခူးနေပြီဖြစ်ပါသည်။
မိုးရာသီတွင် ကွမ်းသီးတစ်လုံးကို အကြီး၃၇ကျပ်စျေးနှင့်အငယ်တစ်လုံးကို ၂၀ကျပ်ရရှိနေသော်လည်း ယခုနိုဝင်ဘာလကွမ်းသီးလှိုင်လှိုင်ထွက်လာချိန်တွင် ကွမ်းသီးဒိုင်များမှ ကွမ်းသီးတစ်လုံး ၂၅ ကျပ်သာဈေးပေါက်ကြောင်းသိရသည်။
(ဂ)ရပ်ကွက် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းတစ်ခုက ကွမ်းသီးအမှည့်တစ်လုံးကို ၂၅ ကျပ် သာဝယ်ကြောင်း အခြောက်ပါကင်တစ်ပိဿာလျှင် ၄၅၀၀ကျပ်စျေးဖြင့်သာဝယ်ကြောင်းသိရ သည်။ယခင်နှစ်က ရာသီအဖွင့်တွင် တစ်ပိဿာ ၇၀၀၀ကျပ်စျေးရရှိခဲ့ပြီး ရာသီအကုန်တွင် ၆၀၀၀ ကျပ်စျေးဖြင့်စျေးရခဲ့ကြောင်းသိရသည်။
ကွမ်းသီးခြံရှင်များကမူလိုချင်သည့် စျေးမရရှိသေးသည့်အတွက် အခြမ်းခြောက်များ မရောင်း သေးပဲစျေးတက်သည့် အချိန်မှသာရောင်းချကြမည်ဖြစ်ပြီး စရိတ်အတွက်လိုအပ်သဖြင့် အနည်းငယ်သာရောင်းချကြောင်းသိရသည်။
ခတ္တာ