ပိုင်ကျုံ နိုဝင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် လမ်းမကြီးပေါ်တွင် သံကူကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းကို နိုဝင်ဘာလ ပထမအပတ်တွင်စတင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါတံတားသည် ပိုင်ကျုံမြို့အမှတ်(၁)ရပ်ကွက်နှင့်အမှတ်(၂)ရပ်ကွက် ဆက်သွယ်ထား လျက်ရှိရာ အရှည် ၃၀ ပေ ×အကျယ် ၁၇ပေရှိပြီး၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ်(၂၉၆)သိန်းဖြင့် သံကူကွန်ကရစ်တံတားတည် ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီ ပြီးစီးနိုင်ရေးအတွက် သက်ဆိုရာတာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်တာ၀န်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ပါက ဒေသနေပြည်သူများအနေဖြင့် အန္တရာယ်ကင်းစွာ သွားလာနိုင်သည့်အပြင် ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် အဆင်ပြေ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)