မင်းလှမြို့လယ်ဓမ္မာရုံ၌ မြတ်စွယ် တော်အပူဇော်ခံပွဲနှင့် စတုဒိသာများကျွေးမွေးလှူဒါန်း

မင်းလှ နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြတ်စွယ်တော်အပူဇော်ခံပွဲ၊ ဆီမီးကပ်လှူပွဲ၊ဆွမ်းတော်ကြီးကပ်လှူပွဲ၊ စတုဒိသာများကျွေးမွေးလှူဒါန်းပွဲကို တန်ဆောင်းမုန်းလပြည့်ကျော်(၁)ရက် နိုဝင်ဘာ ၈ ရက် ညနေပိုင်းကပြုလုပ်ခဲ့သည်။

အဆိုပါမြို့လယ်ဓမ္မာရုံဘုရားကို ဒေသခံပြည်သူများ၊ကလေးငယ်များ‌ ပျော်ရွင်စွာလာရောက်ပြီး မြတ်စွယ်တော်ကိုဖူး‌မျှော်ခြင်း၊ ဆီမီးကပ်လှူခြင်း၊ ဆွမ်းတော်ကြီးကပ်လှူခြင်းတို့ ပြုလုပ်ကြသူများကို စတုဒိသာအဖြစ် ထမင်းဟင်းများပြန်လည်ကျွေးမွေးခဲ့ကြောင်း သိရသည်။

မြတ်စွယ်တော်အပူဇော်ခံပွဲ၊ ဆီမီးကပ်လှူပွဲ၊ဆွမ်းတော်ကြီးကပ်လှူပွဲ၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းပွဲကို တန်ဆောင်းမုန်းလဆန်း (၁၄) ရက်နေ့မှ တန်ဆောင်းမုန်းလပြည့်ကျော် (၁) ရက်နေ့ထိ (၃)ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)