အမာမြို့၌ နှစ်ကျိပ်ရှစ်ဆူ‌ဗုဒ္ဓပူဇနိယဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲကျင်းပ

အမာ နိုဝင်ဘာ ၉

အမာမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသော နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယဘုရား ဒေသစာရီလှည့်လည် ပူဇော်ပွဲကို နိုဝင်ဘာ(၈)ရက် တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့ ညနေ (၆)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အမာမြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲကို ကျင်းပရာတွင် နှစ်ဆယ့်ရှစ်ဆူသော ဘုရားဆင်းတုတော်များ ကိန်းဝပ်စံပယ်တော်မူရာ အမာမြို့(၁)ရပ်ကွက်ရှိ တိလောကအောင်တော်မူ သာသနာ့ဗိမာန်တော်မှ တန်ဆောင်မုန်းလဆန်း (၁၀)ရက်နေ့မှစတင်ကာ မြို့ပေါ်ရပ်ကွက်(၄)ခုရှိ ယာယီကျောင်းဆောင်များအတွင်းသို့ တစ်ရပ်ကွက်လျှင် (၇)ဆူနှုန်းဖြင့် ပင့်ဆောင်၍ ပူဇော်ထားရှိရာ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်လှူဒါန်းခြင်း၊ စတုဒီသာများ ကျွေးမွေးလှူဒါန်း၍ ဘုရားပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပကြရာ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့ ညနေ(၆)နာရီတွင် စုရပ်ဖြစ်သည့် မြို့မ(၁)ရပ်ကွက်မှ အမာမြို့တွင်းသို့ လှည့်လည်အပူဇော်ခံကြရာ ရပ်ကွက်အလိုက် ပြည်သူများက ဖူး‌‌မြှော်ကြည် ညိုကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်း၊ ဘုရားပွဲတော်သို့ လာရောက်ကြသော ပြည်သူများအား စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ တေးသီချင်း ဖျော်ဖြေပွဲများ ပြုလုပ်ခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)