နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်အမှိုက်တန်ချိန်(၉.၅)တန်သိမ်းဆည်း

နတ်မောက် နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် နေ့စဉ်အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ တစ်နေ့လျင်အမှိုက်တန်ချိန် (၉.၅) တန်သိမ်းဆည်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့ပေါ်တွင် ရပ်ကွက်(၇)ရပ်ကွက်ရှိရာ ရပ်ကွက်အတွင်းရှိနေအိမ်များမှ စနစ်တကျစွန့်ပစ်ထားသည့် အမှိုက်များစာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများမှအမှိုက်များ၊ လမ်းဘေးဝဲယာတလျှောက်မှ အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်များဖြင့် ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း၊ ရပ်ကွက်များသို့အလှည့်ကျ နေ့စဉ်နံနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် တစ်နေ့လျှင်(၂)ကြိမ်ခန့် မြို့သန့်ရှင်းသာယာရေးအတွက် အမှိုက်များသိမ်းဆည်းလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

မူမူစန်း