စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် “ဥပဒေအသိပညာ ပြန့်ပွားရေသင်တန်း”ဖွင့်လှစ်

မုံရွာ နိုဝင်ဘာ ၉

ဥပ‌ဒေရေးရာဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့၏ အနီးကပ်လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲက ကြီးမှူးပြီး ပြည်သူများကို ဥပဒေ အသိပညာပေးရန် ရန်ရွယ်၍ ပြုလုပ်သော “ဥပဒေအသိပညာ ပြန့်ပွားရေသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်း‌ဒေသကြီးအဆင့် ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့ဌာနအတွက် သိရှိလေ့လာထားရမည့် ဥပဒေပညာရပ်များဖြစ်တဲ့အတွက် သင်တန်းမှ ပို့ချမှုများကို ကြိုးစားလေ့လာမှတ်သွားကြပြီး  ဥပဒေအသိပညာများနှင့် မိမိတို့ဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပေါင်းစပ်၍ မိမိတို့ဌာနနှင့် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများကို ဥပဒေနှင့်အညီ အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်းနှင့် မိမိဌာန အတွက်သာမက အများပြည်သူအတွက်ပါ အားကိုးပြုနိုင်စေပြီး တရားဥပဒေစိုးမိုးရေးကိုလည်း တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုမည်ဟု မျှော်လင့်ပါကြောင်း တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် သင်တန်းကို ဆက်လက်ပို့ချသင်ကြားပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် အတူတိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအကြောင်း၊ လုပ်ငန်းအပ်နှံခြင်း/ ပစ္စည်းဝယ်ယူခြင်း သဘောတူစာချုပ်များ ချုပ်ဆိုရာတွင် ထည့်သွင်းချုပ်ဆိုသင့်သည့် အချက်များအကြောင်း၊ တရားစီရင်ရေး အကြောင်း သိကောင်း စရာ၊ ရဲလုပ်ငန်းများအကြောင်း သိကောင်းစရာ၊ ဌာနဆိုင်ရာ(တရားလို/တရားပြိုင်) တရားမမှုများ အကြောင်း သိကောင်းစရာများအား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ သင်တန်းသား၊ သင်တန်းသူ (၂၂)ဦးအား စာတွေ့လက်တွေ့ ပရိုဂျက်တာများဖြင့် သင်တန်းကာလ(၁)ရက်ကြာ ရှင်းလင်းသင်ကြားပို့ချ ပေးခဲ့ပြီး သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)