ပန်းတောင်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အ.ထ.က ပန်းတောင်းကျောင်းသို့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ၂၀၁၉ ဥပဒေပါစားသုံးသူများ၏ အခွင့်အရေးများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသောလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အ.ထ.က (ပန်းတောင်း) ကျောင်းရှိအလယ်တန်းအဆင့် ကျောင်းသူကျောင်းသား ဝန်လိုကျောင်းရှိ အထက်တန်းအဆင့် ကျောင်းသူ ကျောင်းသား (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)