အုတ်တွင်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူကို ပဲခူးလမ်းရပ်ကွက်ရှိ ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့်ဘုရားကြီးမှာ ယနေ့တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊ ယမန်နေ့မွန်းလွဲ (၂)နာရီက ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ သံဃာတော်အပါး(၁၁၁)နှင့် သီလရှင်အပါး(၉၀)တို့အား တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာစေတနာရှင်များက စုပေါင်း၍ ဆွမ်းဆန်တော်နှင့် လှူဒါန်းဖွယ်ရာများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
စည်သူထက် (ပြန်/ဆက်)