ဒိုက်ဦးမြို့တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲ ကျင်းပ

ဒိုက်ဦး နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စတင်ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများကိန်းဝပ်ဆံပယ်ရာ ကန်ဦးကျောင်းတိုက်တော်ကြီးရှေ့တွင် ဝါစဉ်အလိုက်ကားများပေါ်သို့ ပင့်ဆောင်ပူဇော်ပြီးနောက် ဆရာတော်/ သံဃာတော်များက ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်နောင်ဦး၊ ရဲမှူးအောင်မျိုး၊ ဦးတင်ထွဋ်မြင့်နှင့် လဝကဦးစီးမှူးဦးကျော်စိုးမိုးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီးနောက် သတ်မှတ်လမ်းကြောင်းများအတိုင်း လှည့်လည်ပူဇော်ခံပါသည်။

ယခုနှစ် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲအား အကြိမ် ၁၀၀ မြောက်ကျင်းပခြင်းဖြစ်ကာ နောင်နှစ်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)