နာဂဒေသ၊ ပန်ဆောင်မြို့အတွင်း ရပ်ကွက်နှင့်ကျေးရွာမှ ပြည်သူများအား နိုဝင်ဘာလအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ပန်ဆောင် နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အတွင်း ရပ်ကွက်နှင့် ကျေးရွာမှ ပြည်သူများအား နိုဝင်ဘာလအချိန် ပုံမှန်ကာကွယ်ဆေးများကို မြို့ဒေသန္တရ ဆေးပေး ခန်းတွင် ကျန်းမာရေးဝန်ထမ်းမှ ထိုးနှံပေးခဲ့ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့က သတင်းရရှိသည်။

ထိုသို့ထိုးနှံရာတွင် ကလေးအသက်(၂လ၊ ၄လ၊ ၆လ၊ ၉လ၊ ၁နှစ်ခွဲ) အတွင်းရှိကလေးများအား (ဆုံစို့နာ၊ ကြက်ညှာ၊ ပိုလီယို၊ ဝမ်းပျက်၊ ဝမ်းလျှော၊ မေးခိုင်) ၅ မျိုးစပ်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်စမ်းသပ်စစ်ဆေးပေးခြင်း၊ အားဆေးတိုက် ကျွေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ပန်ဆောင်မြို့ကျန်းမာရေးတာဝန်ခံ ဒေါ်စိုဒ်ရွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ဂျာယော်(ပန်ဆောင်)