သရက်ချောင်းမြို့နယ် ရှင်ကိုးရှင်သမိုင်းဝင် ရှင်တောင့်ပုံစေတီတော်မြတ်ကြီး၌ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးမြော်သူများစည်ကား

သရက်ချောင်း နိုဝင်ဘာ ၈

၁၃၈၄ ခုနှစ်၊ တန်းဆောင်မုန်းလပြည့်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ သမိုင်းဝင်ရှင်ကိုးရှင်အနက်သရက်ချောင်းမြို့နယ် သမိုင်းဝင်ရှင်တောင့်ပုံစေတီတော်မြတ်ကြီး၌ စုပေါင်းကထိန်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ကထိန်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ပုဂံခေတ်မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်းဆောင်မုန်းလပြည့်နေ့အထိ၊ ရက်ပေါင်း ၃၀ ကာလအတွင်း၌သာကျင်းပရသော ဘာသာရေးပွဲတော်တစ်ခုဖြစ်သည်။ ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ပုရိမဝါမှထမြောက်တာ်မူကြကုန်သော သံဃာတော်အရှင်သူမြတ်တို့ကိုရည်စူး၍ ဆက်ကပ်လှူဒါန်းပေးခြင်းဖြစ်သည်။

ကထိန်ပွဲတော်ကိုအကြောင်းပြု၍ သရက်ချောင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အလှူဒါယကာ/ ဒါယိကာမများကတရားနာဧည့်ပရိတ်များနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များအား ဒေသအစားအစာမုန့်မျိုးစုံဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ရပ်နီး/ရပ်ဝေးမှ ဘုရားဖူးဧည့်သည်များက ရှင်ကိုးရှင်သမိုင်းဝင်ရှင်တောင့်ပုံစေတီတော်မြတ်ကြီးတွင် အာရုံဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ၊ ကပ်လှူပူဇော်ကြသလို့ နေ့နံအလိုက် ဂြိုလ်ခွင်များတွင် ပန်း၊ ဆီမီး၊ ရေချမ်းများနှင့် ရေသပ္ပါယ်ပူဇော်ဆုတောင်းကြသည်မှာ အလွန်စည်းကာလျက်ရှိကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)