ယင်းမာပင်မြို့နယ်၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ယင်းမာပင် နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆရာတော်ကြီးများအား ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ထွေ/အုပ် ဝန်ထမ်း​ဟောင်းများအား အမှတ်တရလက်​ဆောင်များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နှစ်ပတ်လည်နေ့တွင် ဆရာတော်ကြီးများအား နံနက်အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ မြို့နယ် သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ထံမှ အနုမောဒနာတရားနာကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမျိုးမင်းသန့်က အဖွင့်အမှာစကားပြောကြားပြီး ဌာနမှ အငြိမ်းစားဝန်ထမ်း​တစ်ဦးက ဂုဏ်ပြု သြဝါဒစကား ​ပြောကြားခဲ့သည်။

ထို့​နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဌာနမှ အငြိမ်းစားဝန်ထမ်းများအား အမှတ်တရလက်​ဆောင်များ​ ပေးအပ်ခြင်း၊ ဝန်ထမ်းများအား အမှတ် တရကံစမ်းမဲများ ဖောက်ပေးခြင်း၊ ​စား​သောက်ဖွယ်ရာများ တည်ခင်းဧည့်ခံ​ကျွေး​မွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပ​ပေးခဲ့ရာ ဝန်ထမ်းများက ​ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)