သာယာဝတီမြို့တွင် အထွေထွေအုပ်ချုပ်ရေဦးစီဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

သာယာဝတီ နိုဝင်ဘာ ၈

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေဦးစီဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သာယာဝတီခရိုင်၊ အုပ်ချူပ်ရေးမှူး ဦးစန်းဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် အငြိမ်းစားဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ပြီး ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အလှူ အဖြစ် သာယာဝတီမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်အမှူးပြုသည့် ဆရာတော်ငါးပါးထံမှ ငါးပါးသီလခံယူပြီး မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြပြီး လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော်ငါးပါးတို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကာ ခရိုင်အဆင့်ဌာနဆိုင်ရာများအား နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)