ဒိုက်ဦး နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပျဥ်းမလွင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၂၆က)၊ ကုလားစုကွင်း၊ ဦးပိုင်အမှတ်(၅၂/၃)၊ တောင်သူ ဦးမြင့်အောင် စိုက်ပျိုးထားသည့် ဆင်းသုခ စပါးမျိုး ကောင်းမျိုးသန့် စံပြကွက်တွင် ကိုယ်စားပြုစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ညောင်လေးပင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှုး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်မျိုး၊ စက်မှုလယ်ယာဦးစီးမှူး ဦးသီဟကျော်စွာ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်ဇော်ဦး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်သိန်းနိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများတက်ရောက်ကြသည်။
အဆိုပါ ဆင်းသုခ စပါးမျိုးကောင်းမျိုးသန့် စံပြကွက်စိုက်ခင်းအား မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် အစိုအထွက်တင်း (၁၄၀.၅၂) တင်း ထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)