လက်ပံတန်း နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက သစ်ရောင်းပြင်အုပ်စု မကျီးအင်းကျေးရွာ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်း ဆရာများက အခြေခံအပ်ချုပ်စက် အထည်ချုပ်လုပ်မှု နည်းပညာများကို စာတွေ့ လက်တွေ့သင်ကြား ပို့ချခဲ့ကြသည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာလ ၈ ရက်နေ့မှစ၍ ရက်သတ္တပတ် လေးပတ်ကြာမြင့်မည်ဖြစ်ပြီး သေခံကျေးရွာများမှ သင်တန်းသူ (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)