ပေါင်းတည် နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော ပြည်ငြိမ်းအောင် စေတီတော်မြတ်တွင် ယနေ့ နံနက် ၅ နာရီက ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်း ပူဇော်ပွဲ၌ စေတီတော် လိုဏ်ဂူအတွင်းတွင် စေတီတော်ဂေါပကအဖွဲ့နှင့် ဆွမ်းတော်ကြီးကပ်လှူ သူများက မဟာဝိသုတရာမကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူကြပြီးနောက် ရွတ်ဖတ်ပူဇော်ကြကာ ဆွမ်း၊ ခဲဖွယ်ချိုချဉ်၊ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို ဗုဒ္ဓဘုရား အမှူးပြုသော ပြည်ငြိမ်းအောင် စေတီတော်မြတ်အား ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
ယင်းနောက် ဆွမ်းတော်ကြီးနှင့်တကွ လှူဖွယ်ပစ္စည်း အစုစုတို့ကို လှူဒါန်းဆက်ကပ်ကြသူများက ပြည်ငြိမ်းအောင် စေတီတော် ကုန်းတော်ရင်ပြင်တွင် သတ္တဝါအပေါင်း အေးချမ်းငြိမ်းချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ၍ သာဓု အနုမောဒန ခေါ်ဆိုကာ ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)