ပန်းတနော် နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များမှ (၂၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ လှည့်လည် အပူဇော်ခံ ကြွရောက်ခြင်းကို နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၃ နာရီက မြို့တွင်းလှည့်လည်အပူဇော်ခံ ကြွရောက်ခဲ့သည်။
ထိုသို့ လှည့်လည်အပူဇော်ခံ ကြွရောက်ရာတွင် ပန်းတနော်မြို့နယ် ရန်ကုန်- ပုသိမ် ကားလမ်းမကြီးတစ်လျှောက်နှင့် အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းနှင့် မြို့ကွက်သစ် ရပ်ကွက်များအတွင်း လှည့်လည်အပူဇော်ခံ ကြွရောက်လျက်ရှိရာ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ် ရပ်ကွက်ရှိ ပြည်သူများမှ အလှူငွေများလှူဒါန်းခြင်း၊ စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့နောက် အဆိုပါ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များအား နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်း လဆန်း ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ စုပေါင်း၍ သမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီးသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ညပိုင်းတွင် ဆီမီး (၅၀၀၀)ဖြင့် ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)