ပြည် နိုဝင်ဘာ ၈
ပြည်မြို့ ရွှေဆံတော်ဘုရား ရင်ပြင်တော်ပေါ်၌ တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ နံနက်ပိုင်းက ဘုရားဖူးလာသူများအား ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆွေများအဖွဲ့က (ပထမအကြိမ်) စတုဒီသာအလှူတော်အဖြစ် နေ့လယ်စာ ထမင်းဘူးများ လာရောက်လှူဒါန်းကြောင်း သိရသည်။
လှူဒါန်းရာတွင် အဆိုပါအဖွဲ့က စေတီတော်ရင်ပြင်၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကြသူများအား နေ့လယ်စာသုံးဆောင်ရန်အတွက် ထမင်းဘူး (၂၀၀၀) ကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ စတုဒီသာအလှူတော်အဖြစ် အာဟာရဒါနကုသိုလ်ပြု စုပေါင်းလှူဒါန်းခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ကိုစိုး(ပြည်)