ဓနုဖြူမြို့ ကျိုက္ကလွန်ပွန်းစေတီအတွင်းမှ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓဆင်းတုတော်များ မြို့တွင်းသို့ အပူဇော်ခံကြွချီ

ဓနုဖြူ နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓဆင်းတုတော်များ မြို့တွင်းသို့ အပူဇော်ခံကြွချီခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့တွင်းသို့ လှည့်လည်အပူဇော်ခံ ကြွချီခဲ့သည်။

အဆိုပါ လှည့်လည်အပူဇော်ခံခြင်းကို ကျိုက္ကလွန်ပွန်း စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဦးဆောင်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားများ ဒေသစာရီ ကြွချီတော်မူခြင်းကို ဓနုဖြူမြို့နယ်အတွင်း၌ လည့်လည်အပူဇော်ခံခဲ့သည်။

ထိုသို့ လှည့်လည်ရာ၌ ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ကာ မြို့အတွင်း လှည့်လည်အပူဇော်ခံခဲ့ရာ ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူ၊ ပြည်သားများမှလည်း ပရိတ်ရေ ပရိတ်အိုးများဖြင့် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)