ဖျာပုံ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ တန်ဆောင်မုန်းလပြည်နေ့ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများတွင် ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ဒါနပြုသူများ စတုဒီသာကျွေးမွေးခြင်း၊ နိဗ္မာန်စျေးများပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အတူ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဘုရား၊ စေတီများတွင် ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သူများ၊ ဘုရားဖူးလာရောက်ကြသူများ၊ ဘုရားပွဲတော် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒီသာကျွေးမွေးခြင်း၊ နိဗ္မာန်စျေးများ ပြုလုပ်လှူဒါန်းခြင်း၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)ကိုပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်ပြန်/ဆက်