အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီမြတ်ကြီး၌ (တန်ဆောင်မုန်းလပြည့်နေ့)တွင် ဝါပကာလ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

အင်္ဂပူ နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော် စေတီမြတ်ကြီးတွင် (တန်‌ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းက ဝါပကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်း‌ရေး‌ကော်မတီဥက္ကဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း၂၄‌ ကျောင်းမှ သံဃာတော် အရှင်သူမြတ်များနှင့် သာမဏေများ၊ သီလရှင်ကျောင်း ၆‌ ကျောင်းမှ သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်များ လောင်းလှူခဲ့‌သည်။

အင်္ဂပူမြို့နယ်ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ဆရာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား ဝါပကာလ၌ ဆွမ်းဆန်များ အဆင်ပြေစေရေးအတွက် (လပြည့်နေ့တိုင်း) စေတနာရှင်များ စုပေါင်းပြီးဆွမ်းဆန်တော်များ လောင်းလှူ‌ ပေးလျက်ရှိကြောင်း ရွှေဆံတော် စေတီဂေါပကအဖွဲ့ထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)