ဒေးဒရဲ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော်ကို ယနေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လမ်းများတွင် ဆွမ်းလုံးချပဒေသာပင်များကို အသင်းအဖွဲ့အလိုက် လှည့်လည်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါဆွမ်းလုံးချပဒေသာပင်များကို တန်ဆောင်းမုန်းလပြည့်နေ့တွင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် မဲစနစ် ဖြင့် မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ လှူဒါန်းသွားမည်ဖြစ်ပြီး ဒေးဒရဲမြို့နယ်ရှိ ပြည်သူများအနေဖြင့် တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော်ကို သဒ္ဓါထက်သန်စွာ ပြုလုပ်လှူဒါန်းလျက်ရှိရာ စာသင်ကျောင်းများ၊ ရုံးများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အလိုက် ဆွမ်းလုံးချပဒေသာပင်များကို ပြုလုပ်၍ အိုးစည်ဗုံမောင်း အတီးအမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အေဇာလင်း