မကွေး နိုဝင်ဘာ ၆
၂၀၂၂ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တန်ဆောင်တိုင် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က မကွေးမြို့ ဖန်ခါးမြေဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါက်သီးရိုက်အားကစား ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ဂေါက်သီးရိုက်အားစားပြိုင်ပွဲကို ဂေါက်သီးရိုက်အားကစားသမားများ နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေရန်နှင့် တိုင်းဒေသကြီးအတွင်း ဂေါက်သီးရိုက် အားကစားအဆင့်အတန်း တိုးတက်မှုအခြေအနေအား ဆန်းစစ်ရန်နှင့် အမြင်ချင်းဖလှယ်နိုင်ရန်ဖြစ်ပါကြောင်း၊ ယင်းအပြင်၂၀၂၃ခုနှစ် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်းဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အဆင့်မီမီ ပါဝင်ယှဉ်ပြိုင်ကာ အောင်မြင်မှုများရရှိနိုင်ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားတစ်ဦးအနေဖြင့် အင်အားနှင့်ဉာဏ်ရည်ကို အခြေခံကာ မိမိ၏လေ့ကျင့်ကျွမ်းကျင်မှုကို ပေါင်းစပ်ပြီးယှဉ်ပြိုင်မှသာ အောင်မြင်မှု ဆုတံဆိပ်ကို ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ၂၀၂၂ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တန်ဆောင်တိုင် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲများအား ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် ညပိုင်းတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက Best Loser ဆုရရှိသူနှင့် Near Line ဆုရရှိသည့် ကစားသမားများအား အမှတ်တရဂုဏ်ပြုဆုများအားလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်က Par အများဆုံးဆုရရှိသည့် ကစားသမားအား အမှတ်တရ ဂုဏ်ပြုဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က Bridle အများဆုံးရရှိသည့် ကစားသမားအား အမှတ်တရဂုဏ်ပြုဆုမျာအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်က Eagle အများဆုံးဆုရရှိသည့်ကစားသမားအား ဂုဏ်ပြုအမှတ်တရဆုများအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက သက်ကြီးတန်းပြိုင်ပွဲတွင် တတိယဆုရရှိသော ကစားသမားများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်စင်ကိုကိုက သက်ကြီးတန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ကစားသမားများအား အမှတ်တရဂုဏ်ပြုဆုများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် က သက်ကြီးတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော အားကစားသမားများအား ဂုဏ်ပြုအမှတ်တရဆုများအားလည်းကောင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက အသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသော မင်းဘူးမြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသော မြို့သစ်မြို့နယ်အသင်းတို့အား ဆုကလပ်နှင့်ငွေသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော သရက်မြို့နယ်အသင်းအား ဆုကလပ်နှင့်ငွေသားဆုများအားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တန်ဆောင်တိုင် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားအပြီးတွင် တန်ဆောင်တိုင်အကြို မီးပုံးများလွှင့်တင်ခြင်းနှင့် မီးရှုး၊ မီးပန်းများ ပစ်ဖောက်ခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)