ကျိုက်မရော နိုဝင်ဘာ ၆
တန်ဆောင်တိုင်ပွဲတော်ဖြစ်သည့် အများပြည်သူရုံးပိတ်ရက်များအတွင်း မွန်ပြည်နယ် ကျိုက်မရောမြို့ပေါ်ရှိ သမိုင်းဝင်ဆုတောင်းပြည့်ဘုရားကြီးနှင့် အထင်ကရနေရာများ၌ ဘုရားဖူးသူ၊ အပန်းဖြေအနားယူသူ၊ ခရီးသွားလည်ပတ်လာသူပြည်သူများဖြင့် အေးချမ်းသာယာ လျက် အထူးစည်ကားလျက်ရှိသည်။
ယနေ့တွင် မြန်မာလူမျိူးတို့၏ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မဟာဘုံကထိန်လှည့်လည်သည့်ပွဲတော်လည်းဖြစ်ပြီး တန်ဆောင်မုန်းလပြည့်အကြိုအဖိတ်နေ့ဖြစ်သောကြောင့် ဆုတောင်းပြည့်ဘုရားကြီးနှင့် စံပယ်ဂူဘုရား၊ သာယာလှပသော ထန်းပင်တန်းနှင့် အခြားအထင်ကရနေရာများတွင် အနယ်နယ်အရပ်ရပ်မှ ပိတ်ရက် ၃ ရက်အတွင်း မိဘဆွေမျိုးများရှိရာ နေရပ်ပြန်သူ၊ အပန်းဖြေအနားယူသူများဖြင့် အထူးစည်ကားလျက် ရှိနေပြီး ကျိုက်မရောမြို့အဝင် ထန်းပင်တန်း၌ ယနေ့နံနက် ၇ နာရီမှစတင်ကာ ဘုရားဖူးလာသူများ၊ အပန်းဖြေအနားယူရင်း ကျိုက်မရောမြို့၏ သဘာဝအလှတရားဖြစ်သည့် ထန်းပင်တန်း၌ ကားများရပ်ကာ မိသားစုလိုက် အလှဓာတ်ပုံရိုက်သူ အပျော်တမ်းအမှတ်တရဓာတ်ပုံရိုက်သူများဖြင့် အေးချမ်းသာယာစွာ အပန်းဖြေကြသူများဖြင့် အထူးများပြားစည်ကားလျက်ရှိကြောင်း သိရသည်။
ချိူမြတ်မြတ်ထွေး(ကျိုက်မရော)