စလင်း နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှစုပေါင်း၍ ကောင်းမှုကုသိုလ်နှင့် ဘုရားကျောင်းကန်၊ သက်ကြီးဘိုးဘွားကန်တော့ခြင်း၊ စုပေါင်းသန်းရှင်းပြုလုပ်ခြင်းများကို နိုဝင်ဘာ ၅ ရက်နေ့ ၉ နာရီအချိန်က စတင်ဆောင်ရွက်ကြကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီစံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ ဒုဦးစီးမှူးများနှင့်ဝန်ထမ်းများက ရွှေမုဌောဘုရားဝက်သည်းကန်အတွင်း ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်း၊ ဘုရားကျောင်းများအတွင်း သန့်ရှင်းရေးများပြုလုပ်ဆောင်ရွက်ခြင်း ဘုရားမျက်နှာတော်သစ်သန့်ရှင်းခြင်းများနှင့် ချမ်းမြေ့ဆည်းဆာဘိုးဘွားရိပ်သာတွင် ဘိုးဘွားများတစ်သက်သာ အရိပ်ခိုနားနိုင်ကြစေရန်အတွက် စုပေါင်းအရိပ်ရပင်စိုက်ပျိုးခြင်း များနှင့် ဘိုးဘွားများသုံးစွဲရန် တတ်အားသမျှစုပေါင်းအလှူငွေလှူဒါန်း၍ သက်ကြီးဘိုးဘွားများအား ကန်တော့ခဲ့ကာ၊ မြို့အဝင်ဆိုင်းဘုတ်အနီး စုပေါင်းသန့်ရှင်းရေးလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအတွင်း အန္တရာယ်ကင်းရှင်းနိုင်စေရန်ရည်ရွယ်၍ ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကာဝန်ထမ်းများ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။
မောင်လွင်(စလင်း)