ဝေါလေမြိုင် စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ လော့ခေါ်ကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု များအတွက် ကိုဗစ်-၁၉ကာလအတွင်း နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း က ကျေးရွာအုပ်စုရှိနေအိမ်များအရောက် သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပေးအပ်ရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက လော့ခေါ်ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ခြေအိမ်ထောင်စု (၂၀၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄,၀၈၀,၀၀၀)ကျပ်ကို ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေး အပ်ခဲ့ကြောင်းသိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)